ချောက် ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင်အသစ်ခန့် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အဆင်ပြေစေရန်၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန်၊ သင်ကြားရေးအထောက် အကူပြုစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၃ ရက် မှစတင်၍   အသစ်ခန့် လက်ထောက်မူလတန်းပြရက်တို သင်တန်းကို အ.ထ.က (၁)ကျောင်း မြရိပ်ညိုခန်းမ၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ခရိုင်ပညာရေးမှူး ဦးမန်းအောင် က ကြီးကြပ်၍ မြို့နယ်ပညာရေးမှူး၊ ဒုတိယ မြို့နယ်ပညာရေးမှူး၊ အထက်တန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်များ ပါဝင်သည့် သင်တန်းနည်းပြ ဆရာ/ဆရာမ(၁၀)ဦးဖြင့် ပို့ချခြင်းဖြစ်သည်။

သင်တန်းတွင်  စီမံဘာသာရပ်၊ ဘဏ္ဍာဘာသာရပ်၊ ပညာဘာသာရပ်၊ စစ်ဆေးရေးဘာသာရပ်၊ ကာယပညာ ဘာသာရပ်တို့အား နေ့စဉ် နံနက် ၉ နာရီ မှ ၁၂ နာရီ အထိ နေ့လည် မွန်းလွဲ ၁ နာရီ မှ မွန်းလွဲ ၃နာရီ ထိ သင်ကြားပေးလျက်ရှိပြီး သင်တန်းသား သင်တန်းသူစုစုပေါင်း(၄၂) ဦး တက်ရောက်ခဲ့ကြသည်။

ကျော်မိုး(ပြန်/ဆက်)