ဖေဖော်ဝါရီ ၁၇

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၃၄၇ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။

ထိုရောဂါကူးစက်ခံရမှုကျဆင်လာသည်မှာ ရက် ၃၀ ဆက်တိုက်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၁၇၂ ဦး ထပ်မံသေဆုံးခဲ့သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

ရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၄၅၄ ဦးသည် မြို့တော်မှဖြစ်ကြောင်းနှင့် ကူးစက်မှုကြောင့်သေဆုံးသူများတွင် မြို့တော်မှသေဆုံးသူ ၁၂ ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။

ဇန်နဝါရီလအစောပိုင်းကတွေ့ရှိသော ရောဂါကူးစက်မှုထက် ၁၀ ရာခိုင်နှုန်း လျော့ကျသွားပြီး ကျန်းမာရေး အခြေအနေဆိုးရွားသူ ၂၅၄ ဦးရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို