ကဘူးလ် ဖေဖော်ဝါရီ၊ ၂၀

 

အာဖဂန်နစ္စတန်၌   စီးပွားရေးလှုပ်ရှားမှုများကို   အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် အမေရိကန် စစ်အခြေစိုက် စခန်းဟောင်းများကို စီးပွားရေးဇုန်များအဖြစ် ပြောင်းလဲသွားရန် အာဖဂန် ယာယီအစိုးရက ဆုံးဖြတ်ထားသည်ဟု နိုင်ငံပိုင်ဘတ်ထှာ သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။ ဒုတိယဝန်ကြီးချုပ် မူလာအဗ္ဗဒူ ဂါနီဘာရာဒါ တက်ရောက်သည့် စီးပွားရေးကော်မရှင် အစည်းအဝေးတွင် ယခုလိုဆုံးဖြတ် ချက်ချခဲ့ခြင်းဖြစ်သည်။

 

ရှေ့ပြေးစီမံချက်အဖြစ် ကဘူးလ်နှင့် ဘော့ခ်ဒေသတို့မှ စတင်မည်ဖြစ်ပြီး နောက်ပိုင်းတွင်အခြားသော ဒေသများကိုပါ တိုးချဲ့သွားမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ စစ်အခြေစိုက်စခန်းများကို စီးပွားရေးဇုန်များအဖြစ် ပြောင်းလဲပြီးပါက ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးသွားမည်ဟုလည်း ဘတ်ထှာသတင်းတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း အမေရိကန်နှင့် မဟာမိတ်များသည် အာဖဂန်မြေပေါ်မှ ၎င်းတို့၏ တပ်ဖွဲ့များကို ရုပ်သိမ်းသွားခဲ့သည်။ ယင်းသို့ ရုပ်သိမ်းသွားပြီးနောက် စစ်အခြေစိုက်စခန်းများ ကျန်ရစ်ခဲ့သည်။

 

ဆင်ဟွာ