သံတောင်ကြီး ဖေဖော်ဝါရီ ၂၀
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက် ပြီးစီးသည့် ကလေခိုအထက်ကျေးရွာသို့ ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၀၉.၉၆)သန်းဖြင့် Cutting ကျောက်ရောမြေ အမျိုးအစား မြေသားကုန်ထုတ်လမ်း(၂)မိုင် ဆောင်ရွက်နေသည့် ကလေခိုအထက်ကျေးရွာကို တင်ဒါအောင်မြင် သည့် Megagynamic ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီးနိုဝင်ဘာလဒုတိယပတ်တွင် လုပ်ငန်းဆောင်ရွက်မှု (၁၀၀) ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးထံက သိရသည်။
နော်နော်မူ