ညောင်တုန်း ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာတွင် ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် ယနေ့နံနက် ၁၀ နာရီခွဲခန့်က မြစ်ကမ်းပါပြိုကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါမြစ်ရေတိုက်စားမှုကြောင့် ကမ်းခြေမှ အလျားပေ(၂၀၀)၊ အနံ(၂၅)ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် မြစ်ကမ်းအနီးရှိ နေအိမ် (၅)လုံး ဘေးလွတ်ရာသို့ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)