ထန်းတပင် ဖေဖော်ဝါရီ ၂၀

 

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု သင်တန်း (၁/၂၀၂၃)ကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ဖွင့်လှစ်သည်။ 

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးသန်းထွဋ် တို့ကအဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးကို သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါသင်တန်းတွင် လယ်ယာသုံးစက်ကိရိယာများကို ကိုင်တွယ်မောင်းနှင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြင်ဆင်ခြင်းများကို စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများက စာတွေ့လက်တွေ့ လေ့ကျင်သင်ကြားပေးသွားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့လည်း သင်တန်းသား(၃၀)ဦးတို့ တက်ရောက်လျက်ရှိသလို သင်တန်းကာလမှာ ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ မတ်လ(၃)ရက်နေ့အထိ ရက်သတ္တနှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)