ပခုက္ကူ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအတွက် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ လေယာဉ်ကွင်းဟောင်း၌ (၈)ခန်းတွဲ(၅)ထပ် နိုင်ငံဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦတစ်လုံးတည်ဆောက်မှုလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ၁ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ(၉၉)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၉၈၉)သန်းဖြင့် (၈)ခန်းတွဲ(၅) ထပ်နိုင်ငံဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦတစ်လုံးကို တင်ဒါအောင်မြင်သည့် မန်းဧရာဝတီဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ၁ရက်နေ့မှစတင်ပြီး တာဝန်ယူအကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၀ရက်နေ့အထိ တည်ဆောက်မှုလုပ်ငန်း (၉၉)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
အဆိုပါအဆောက်အဦ၏ အကျယ်အဝန်းမှာ စတုရန်းပေ (၃၃၈၂၂)ပေရှိပြီး တစ်ထပ်အတွင်း၌ အခန်းပေါင်း (၈)ခန်း ပါရှိသည့်(၅)ထပ် အဆောက်အဦတစ်လုံးဖြစ်ကြောင်း၊ တည်ဆောက်မှုလုပ်ငန်းများကို ၂၀၂၂-၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီစွာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)