ဖေဖော်ဝါရီ ၂၀
ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၂၃၉ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း ၁၀၇ ဦး ထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။
ထိုရောဂါကူးစက်ခံရသူများတွင် မြို့တော်မှ ကူးစက်ခံရသူ ၉၉၂ ဦးပါဝင်ကြောင်းနှင့် ပြီးခဲ့သည့်သီတင်းပတ် ကူးစက်မှုဦးရေထက် ၁၉၃ ဦးမြင့်တက်လာကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။
ယင်းရောဂါဖြင့်သေဆုံးသူများအနက် ရှစ်ဦးသည် မြို့တော်မှဖြစ်သည်ဟုလည်း တာဝန်ရှိသူများက ပြောကြားသည်။
နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရမှုကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားသဖြင့် အသက်ရှုအထောက်အကူပြု ကိရိယာတပ်ဆင်ထားသူ ၁၃ ဦးရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို