နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၈

အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင်  ပြည်နယ်အစိုးရ အဖွဲ့ (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၀၉ ဒသမ ၀၉၁ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့်   လမ်းအရှည် ၁၆၁၇ ပေ၊ အကျယ် ၁၂ ပေရှိ မာန်အောင်မြို့နယ် မင်းရပ်  - ဟင်းစနဲ - ငပုန်ကုန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၄၅ ဒသမ ၁၁၈ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့်  လမ်းအရှည်  ၆၆၆  ပေ၊ အကျယ်   ၁၂ပေ ရှိ မာန်အောင် မြို့နယ် ဇီးတော - အိုးဝကျေးရွာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်
 

mdn