စစ်တွေ ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ် ရွှေလှေကျေးရွာအုပ်စု မန်ကျည်းချောင် ကျေးရွာ၌ တောင်သူ ဒေါ်တင်မေ၏ မြေပဲမျိုးစေ့ထုတ်စိုက်ခင်း ၅ ဧကဖြစ်ထွန်းအောင်မြင်နေမှုကို သွား ရောက်ကြည့်ရှု အားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက သံတွဲမြို့နယ်အတွင်း မိုးသီးနှံ နှင့်ဆောင်းသီးနှံ စိုက်ပျိုးမှု ကိုရှင်းလင်းတင်ပြရာ တင်ပြချက်များ အပေါ် ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့် က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတောင်သူများအနေဖြင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်ကင်းတောင် ကျေးရွာ၌ တောင်သူ(၃) ဦး၏ နေကြာစံပြကွက် ၁၀ ဧကနှင့်မြေပဲများ စိုက်ပျိုးအောင်မြင်နေမှုကို သွားရောက် ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက တောင်ကုတ် မြို့နယ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးဆောင်ရွက်ခဲ့မှု၊ မြို့နယ် အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးထားရှိမှုနှင့် စိုက်ပျိုးမွေး မြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အခြားဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း တင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေကြာစံပြကွက်စိုက် ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကင်းတောင်ကျေးရွာရှိ သိဒ္ဓိအောင် မြေပဲဆီကြိတ်စက်နှင့် ဆန်စက်တို့တွင် မြေပဲတောင့်များ သိုလှောင်ထားရှိမှု မြေပဲဆီကြိတ်ထုတ်နေမှုတို့ကို သွားရောက် ကြည့်ရှု အားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးချောင်းထိုးကျေးရွာ၊ မီးချောင်းထိုးကွင်းတွင် မွေးမြူရေးလုပ်ငန်းရှင် ဦးဇော်ဇော်မြင့်၏ ဥစားကြက်(CP) ၇၀၀၀ မွေးမြူထားရှိမှုကို သွားရောက် ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်တက္ကသိုလ် မိုးလုံလေလုံဘက်စုံသုံး ခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့၊ ကိုင်းရှည်တံတားအကြီး စားပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက် နေမှု ကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်ခန်းမ၌ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် တောင်ကုတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်မြင့်လှိုင်က ဒေသဆိုင်ရာအချက် အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး မြို့မိ၊ မြို့ဖ များနှင့် MSME လုပ်ငန်းရှင်များက ဒေသလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေး အတွက် အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား လုပ်ဆောင်နိုင်ရန် အတွက်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ယခင်ထက်ပိုမိုပြီးဦး စားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုခရီးစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ဆောင်ရန် လာရောက်ခြင်းဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူး ပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော တောင်ကုတ် မြို့နယ်အတွင်းရှိ (MSME) လုပ်ငန်းရှင်များ၏ ဒေသထွက်ကုန်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်