နေပြည်တော် ဖေဖော်ဝါရီ ၂၁
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်သည့် ဝန်ထမ်းအဖွဲ့ အစည်း အကြီးအမှူး သင်တန်း၊ အမှတ်စဉ်(၇)နှင့် အဆင့်မြင့်အရာ ထမ်းသင်တန်း၊ အမှတ်စဉ် (၂၀) တို့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း က “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ” ဘာသာရပ်ကို သင်ကြားပို့ချသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၅၃ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၆ ရက်မှ မတ်လ ၃၁ ရက်အထိ ရက်သတ္တပတ် (၈)ပတ် ကြာမြင့်မည် ဖြစ်သည်။
ထို့ပြင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်ဆုသင်းနှင့် ဦးစီးအရာရှိ ဦးကိုကိုလှိုင် တို့သည် မရမ်းကုန်းမြို့နယ်၊ အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၌ ဖွင့်လှစ်သည့် မီးသတ် စခန်းမှူးသင်တန်း အမှတ်စဉ် (၂၁) တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဘာသာရပ်ကို သွားရောက်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်