ညောင်ဦး ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်းအား ယနေ့နံနက် ၈ နာရီမှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။

ညောင်ဦးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်ရာတွင် အဆင်ပြေစေရန် စားအုန်းဆီများကို တစ်ဦးလျှင် တစ်ပိဿာ ၄၉၀၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး ညောင်ဦးမြို့၊ အမှတ်(၂)၊ ကျောင်းစုရပ်၊ ပြည်လုံးချမ်းသာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၊ အမှတ်(၅)၊ စည်ပင်သာယာရပ် ရပ်ကွက်ဓမ္မာရုံအနီးတို့တွင် Mobile ကားဖြင့် လိုက်လံရောင်းချပေးလျက်ရှိပြီး စားအုန်းဆီပိဿာချိန် ၂၇၅၂ ပိဿာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း