ဖေဖော်ဝါရီ ၂၄
အိန္ဒိယနိုင်ငံအလယ်ပိုင်းချဟတ်တစ်ဂတ်ရှ်ပြည်နယ်တွင် ကုန်တင်ကားတစ်စီးနှင့် ပစ်ကပ်ဗင်ကားတို့ခေါင်းချင်းဆိုင် တိုက်မိသဖြင့် လူ ၁၁ ဦးထက်မနည်းသေဆုံးပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကယနေ့တွင် ပြောကြားသည်။
အဆိုပါပြည်နယ်မြို့တော် ရိုင်ပါ၏မြောက်ဘက် ၈၅ ကီလိုမီတာအကွာ ဘာလိုဒါဘာဇာ-ဘာတာပါရာခရိုင်ရှိ ခါမာရီယာကျေးရွာရှိ မိန်းလမ်းမပေါ်တွင် ယမန်နေ့ညပိုင်းက ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ထိုယာဉ်မတော်မှုကြောင့် ကလေးငယ် လေးဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့ပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရသူများကို ရိုင်ပါမြို့ရှိဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင့် ရဲတပ်ဖွဲ့အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက မီဒီယာကို ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ထိုယာဉ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုယာဉ်မတော်တဆမှုတွင် ထိခိုက်သေဆုံးသူများသည် အာဂျူနိဒေသရှိ မိသားစုတွေ့ဆုံပွဲတစ်ခုသို့တက်ရောက်ပြီးနောက် နေအိမ်အပြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
အိန္ဒိယနိုင်ငံတွင် အရှိန်လွန်မောင်းနှင်ခြင်း၊ လမ်းမများကောင်းမွန်မှုမရှိခြင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများမကြာခဏဖြစ်ပွားလေ့ရှိသည်။
နိုင်ငံတစ်ဝန်းတွင် ယာဉ်မတော်တဆမှုများကြောင့် နှစ်စဉ် လူ ၁၅၀၀၀၀ နီးပါး သေဆုံးကြောင်း တာဝန်ရှိသူများကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို