ဖေဖော်ဝါရီ ၂၄
တူကီယဲနှင့်ဆီးရီးယားနိုင်ငံတို့တွင် အားပြင်းငလျင်များလှုပ်မှုကြောင့် သေဆုံးသူဦးရေ ၄၉၀၀၀ ကျော်အထိ မြင့်တက်လာသည်ဟု သိရသည်။
ဖေဖော်ဝါရီ ၆ ရက်က ပြင်းအား ၇ ဒသမ ၈ ပမာဏနှင့် အခြားနောက်ဆက်တွဲငလျင်များလှုပ်ခတ်သဖြင့် တူကီယဲနိုင်ငံတွင် ၄၃၅၅၆ ဦး နှင့် ဆီးရီးယားနိုင်ငံတွင် ၅၉၁၄ ဦး သေဆုံးခဲ့သည်။
အဆိုပါငလျင်များလှုပ်မှုကြောင့် တူကီယဲနိုင်ငံတွင် အဆောက်အဦ ၁၁၈၀၀၀ ထက်မနည်း ပြိုကျမှုဖြစ်ပွားခဲ့သည်။
ငလျင်ပထမအကြိမ်လှုပ်ခတ်ပြီးချိန်တွင် အဆောက်အဦအနည်းငယ်ပြိုကျခဲ့သော်လည်း ဒုတိယအကြိမ်မြောက် အားပြင်း ငလျင်လှုပ်ပြီးနောက် အဆောက်အဦ ၁၄၀၀ နီးပါးပျက်စီးခဲ့သည်ဟု အယ်ဘစ်တန် တောင်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဟာစန်က သတင်းထောက်များကို ပြောကြားသည်။ ထိုဒေသတွင် ဒေသခံ ၉၃၀ သေဆုံပြီး ၃၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။
ထိုခရိုင်ရှိနေအိမ်များမှစွန့်ခွာထွက်ပြေးသူ ၂၀၀၀၀ ခန့်ရှိပြီး ယာယီရွက်ဖျင်တဲများတွင် နေထိုင်သူ ၁၂၀၀၀ ရှိကြောင်းနှင့် ၎င်းတို့၏လူနေမှုဘဝများပုံမှန်ပြန်ဖြစ်ရန် ခြောက်လမှ ၁၂ လအထိကြာမြင့်နိုင်သည်ဟုယူဆကြောင်း ၎င်းကပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို