ဖေဖော်ဝါရီ ၂၄
လာအိုနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူပေါင်း ၄၃၀ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူ ၁၂ ဦး ထပ်မံတွေ့ရှိခဲ့ရာ ရောဂါကူးစက်မှုပေါင်း ၄၃၀ ရှိလာသည်ဟု ထိုဝန်ကြီးဌာနလက်အောက်ရှိကျန်းမာရေးဆိုင်ရာသတင်းပြန်ကြားရေးနှင့်ပညာရေးစင်တာ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်တွင် ထိုရောဂါကူးစက်မှုအရေအတွက်အမြင့်မားဆုံးဖြစ်ပြီး ကူးစက်မှု ၈၃၊ အော်ဒမ်ရှေးပြည်နယ်တွင် ၇၆ ဦးနှင့် ဘူအန်ပရာဘတ်ပြည်နယ်တွင် ၄၄ ဦးတို့ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ကျန်းမာရေးအာဏာပိုင်များက သွေးလွန်တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန် လုပ်ငန်းခွင်နေရာများနှင့် နေအိမ်အနီးဝန်းကျင်များရှိ ခြင်ပေါက်ဖွားနိုင်ခြေရှိသည့်နေရာများကိုရှင်းလင်းလုပ်ဆောင်ကြရန် ပြည်သူများအား တိုက်တွန်း ပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို