ဆိုးလ်   ဖေဖော်ဝါရီ    ၂၅

၂၀၂၂ ခုနှစ်အတွင်း တောင်ကိုရီးယား၏ ရေထွက်ကုန်ထုတ်လုပ်မှုသည် ယခင်နှစ်ကထက် ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စာရင်းအင်းရုံးမှ ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်သည်။

ယခင်နှစ်က တန်ချိန် ၃၈၃၂၀၀၀  ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်က ငါးဖမ်းလုပ်ငန်းတွင် စုစုပေါင်းထုတ်လုပ်မှု  တန်ချိန် ၃၆၀၄၀၀၀ သာရှိခဲ့ကြောင်း ကိုရီးယား စာရင်းအင်းရုံးက ထုတ်ပြန်သည်။ ပင်လယ်ရေမှော်၊ ဂုံးနှင့် ကဘလူးငါးထုတ်လုပ်မှု ကျဆင်းခဲ့ခြင်းကြောင့် ရေထွက်ကုန်  မွေးမြူထုတ်လုပ်မှုကဏ္ဍမှ တန်ချိန် ၂၂၆၈၀၀၀ သာရှိခဲ့ပြီး ငါးပုစွန်ထွက်ရှိမှု ၅ ဒသမ ၆ ရာခိုင်နှုန်းအထိ   ကျဆင်းခဲ့သည်။  ကမ်းနီး ငါးဖမ်း လုပ်ငန်းကဏ္ဍတွင် ပြည်ကြီးငါး၊ ငါးပါးနီနှင့် ငါးသင် ဝါငါးရရှိမှု    နည်းပါးသဖြင့်    ထုတ်လုပ်မှုတန်ချိန် ၈၈၇၀၀၀   သာရရှိခဲ့ပြီး   ၅  ဒသမ  ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထို့အတူ ကမ်းဝေးရေနက် ငါးဖမ်း လုပ်ငန်းတွင်    စုစုပေါင်း   ထုတ်လုပ်မှုတန်ချိန် ၄၀၀၀၀၀   သာရှိခဲ့ပြီး   ၁၀  ဒသမ  ၃  ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

သို့သော်လည်း ၂၀၂၂ ခုနှစ်အတွင်း ငါးရှဉ့်၊ ခရု နှင့် ထရောက်ငါး ဝယ်လိုအားမြင့်တက်ခဲ့မှုကြောင့် ရေချိုငါးဖမ်းလုပ်ငန်းမှာ   ၁၄  ဒသမ  ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး စုစုပေါင်းတန်ချိန် ၄၉၀၀၀ အထိ ရှိခဲ့သည်။   ၂၀၂၂ ခုနှစ်အတွင်း ရေထွက်ကုန်လုပ်ငန်းမှ ရရှိသည့်  စုစုပေါင်းဝင်ငွေ ၉ ဒသမ ၂၄ ထရီလီယံ ဝမ် (အမေရိကန်ဒေါ်လာ  ၇  ဒသမ  ၁  ဘီလီယံ) ရရှိခဲ့ပြီး ယခင်နှစ်ကထက်  ၀  ဒသမ  ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။                    

ဆင်ဟွာ