မကွေး ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့ရှိ ကံမလေးဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဒေသခံတောင်သူများနှင့် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ဆုံရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး ကံမလေးဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း တာဝန်ခံ (လက်ထောက်ညွှန်ကြားရေးမှူး) ဦးကြည်လှိုင်ဌေးက စီမံကိန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် အခြေအနေများ၊ ၂၀၂၃ ခုနှစ် နွေစပါးစိုက်ဧက ၃၀၀ ပြည့်မီရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးကာ နွေစပါးစိုက်ပျိုးထားရှိမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

မျိုးသိန်း(ပြန်/ဆက်)