လားရှိုး ဖေဖော်ဝါရီ ၂၅
၂၀၂၂-၂၃ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်များ အားကစားပွဲတော်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးပညာရေးဒီဂရီကောလိပ်မှ အောင်ပွဲရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်းကို ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက အဆိုပါဒီဂရီကောလိပ်တွင် ပြုလုပ်သည်။
ဦးစွာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်တို င်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက အောင်ပွဲရ အားကစားသမားများအား ပန်းဖွားအကအဖွဲ့နှင့်အတူ ပန်းကုံးစွပ်ကြိုဆိုကြသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက ၂၀၂၂-၂၃ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော အားကစားသမားများနှင့် တစ်ဦးချင်း ဆုတံဆိပ်များ ရရှိသော အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြ ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)