မအီ ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ ဗုဒ္ဓစက်တော်ရာ၊ ရတနာမာရ်အောင်တောရဓမ္မရိပ်သာနှင့် မြို့ပတ်ဝန်းကျင်ရှိ မာရ်ငါးပါးစေတီတော်များ၌ ဘုရားဖူးခရီးသည်များမှာ ယခင်နှစ်များထက် စည်ကားများပြားလာသည်ကို တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။
ဘုရားဖူးခရီးသွား ဧည့်သည်များနှင့် ပတ်သက်၍ မအီမြို့ဒေသခံ အမှတ်(၂)ရပ်ကွက်မှ ကိုကျော်စွာထွန်းက “မအီမြို့နဲ့ တောင်ပေါ်ခရီး ၁၇ မိုင်မှာရှိတဲ့ မအီချောင်းဖျားရှိ ဗုဒ္ဓစက်တော်ရာ နှစ်ဆူကို လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ စက်တော်ရာကအပြန် မအီမြို့ဝန်းကျင်ရှိ ဘုရားစေတီတွေကို လှည့်လည်ဖူးမြော်မှာ ဖြစ်ပါတယ်”ဟု ပြောပြသည်။
မအီမြို့တွင် လည်ပတ်ဖူးမြော်စရာ စေတီများအဖြစ် ရတနာမာရ်အောင် ဆံတော်ရှင်စေတီ၊ သက္ကျမာရ်အောင် စွယ်တော်မြတ်စေတီ၊ ဇိနမာရ်အောင် စွယ်တော်မြတ်စေတီ၊ မင်္ဂလာမာရ်အောင် စွယ်တော်မြတ်စေတီနှင့် လောကမာရ်အောင် စွယ်တော်မြတ်စေတီတို့ရှိပြီး ရတနာမာရ်အောင် တောရဓမ္မရိပ်သာ ကုန်းတော်ပေါ်ရှိ အဓိဋ္ဌန်အောင် ဆုတောင်းပြည့် လျောင်းတော်မူဘုရားကြီးနှင့် အံတော်သိမ် ပုထိုးတော်၊ ရွှေကြာသိမ်စေတီ၊ လေးမျက်နှာဘုရား၊ နှစ်ကျိတ်ရှစ်ဆူဘုရား၊ လောကမဇ္ဇူပုထိုးတော်၊ ကမာကူရကြေးသွန်း ရုပ်ပွားတော်နှင့် မွေးနေ့ဘုရား ကြေးသွန်းရု ပ်ပွားတော်တို့လည်း ရှိသည်။ အဆိုပါ ဓမ္မရိပ်သာ၌ ဘုရားဖူးခရီးသွားများ ရာသီမရွေး ညအိပ်ညနေ အခမဲ့တည်ခိုးနေထိုင်နိုင်ရန်အတွက် အခန်းတိုင်း လေအေးပေးစက်တပ်ထားသည့် သုံးထပ်အဆောက်အအုံကို ဆောက်လုပ်ထားကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)