ဖျာပုံ ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆို ကြမည့်ကျောင်းသား၊ကျောင်းသူများအား ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဖျာပုံခရိုင်/မြို့နယ်ပညာရေးမှူးများကတက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက်တွေ့ဆုံအားပေးစကားပြောကြားခြင်းနှင့်၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအတွက်တိုင်းဒေသကြီးဝန်ကြီးချုပ်မှချီးမြှင့်ပေးအပ်သောထောက်ပံ့ငွေများပေးအပ်ခြင်း ကိုဖေဖော်ဝါရီ လ (၂၆)ရက်နေ့ နံနက် (၉)နာရီအချိန်ကဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ပြုလုပ်သည်။
အဆိုပါ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအား၊တွေ့ဆုံအားပေးစကားပြောကြားခြင်းနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်မှချီးမြှင့်ပေးအပ်သောထောက်ပံ့ငွေများ ပေးအပ်ရာတွင်ဖျာပုံခရိုင်ပညာရေးမှူးဒေါ်အေးမြင့်နှင့်မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်တို့က၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက်ဆောင်ရွက်ထားရှိမှူများနှင့်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအား၊စာမေးပွဲကိုကြိုစား၍အောင်မြင်စွာဖြေဆိုကြရန်ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။
ထို့နောက်ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအား၊တွေ့ဆုံအားပေးစကားပြောကြားပြီး၊၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအတွက်တိုင်းဒေသကြီးဝန်ကြီးချုပ်မှချီးမြှင့်ပေးအပ်သောထောက်ပံ့ငွေ( ၉၉၄၀၀၀ိ/-)အား၊ဖျာပုံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှမြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီထံပေးအပ်သည်။
အခမ်းအနားသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသက်ထားမောင်နှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ဖျာပုံခရိုင်/မြို့နယ်ပညာရေးမှူးများ နှင့် ဆရာ၊ဆရာမများ၊ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၃၈၀)ဦးခန့် တက်ရောက် ကြကြောင်းသိရှိရသည်၊၊
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)