ဖျာပုံ ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်ဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ဖြင့်စည်ပင်သာယာရေးအဖွဲ့ ပိုင် စျေးများတွင် စျေးသူစျေးသားများအား ပလပ်စတစ် Campaign ပြုလုပ်ခြင်း၊ပလပ်စတစ်မသုံးစွဲစေရေးအသိပညာပေးခြင်း ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီက ဖျာပုံမြို့ ၊မြောက်ပိုင်းစျေးအတွင်းလိုက်လံအသိပ ညာပေးဆောင်ရွက်ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများအတွင်း စျေးရောင်းချ နေသူများအနေဖြင့် အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ကျွတ်ကျွတ်အိတ် ပလပ်စတစ်အိတ်အစား၊အစားထိုးအဖြစ် သတင်းစာစက္ကူ၊ ကြာရွက်၊ငှက်ပျောရွက်တို့ဖြင့် သင့်တော်ရာ အစားထိုးထုပ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့်ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး လိုက်လံ အသိပေးနှိုးဆော်ခြင်းနှင့်လိုက်နာဆောင်ရွက်မှုရှိစေရေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးမှူးနှင့်ဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များမှ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြသော စည်ပင်သာယာ ပိုင်စျေးများတွင် ပလပ်စတစ်အစားထိုးသုံးစွဲရေး လိုက်လံအသိပညာပေးဆောင်ရွက် ခဲ့ကြကြောင်း၊ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)