နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ စိန်ရာဇာသာသနာလင်္ကာရ စာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ အုတ်ကန် တောရကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ယဉ်ငေးရိပ်သာ ကျောင်း တိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ပဏ္ဍိတာရုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သဒ္ဓမ္မဇောတိကာရ ကျောင်းတိုက်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ ဓမ္မာလင်္ကာရကျောင်းတိုက်၊ ဒေါပုံမြို့နယ်ရှိ ပြဿဒ်ကျောင်းတိုက်နှင့် ရွှေပြည်သာ မြို့နယ်ရှိ ဓမ္မသုခပရိယတ္တိ စာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ကရင် ပြည်နယ် ဘားအံမြို့နယ်ရှိ ဓမ္မဝါသီကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ ဗောဓိမဏ္ဍိုင်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဧရာဝတီပရဟိတ ဟင်္သာတရွှေကျောင်းတိုက်နှင့် အမရပူရမြို့နယ်ရှိ ရွှေအိုးရကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ အောင်မင်္ဂလာကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ သံလွန်းကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ အရှေ့ခါးရိုး ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော် သံဃာတော်များအတွက် တာဝန်ရှိသူများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်