အန်ကာရာ ဖေဖော်ဝါရီ ၂၇
တူကီယဲနိုင်ငံ အရှေ့ပိုင်း၌ ယနေ့တွင် ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး ၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးဆိုင်ရာ အေဂျင်စီက ပြောကြားသည်။
ယခုမြေငလျင်သည် ယခင်ကအင်အားပြင်းငလျင်များ လှုပ်ခတ်ခဲ့ရာ မာလာယာပြည်နယ် ရီဆီယက်ခရိုင်ကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။ မြေငလျင်လှုပ်ခတ်မှုကြောင့် အဆိုပါဒေသအတွင်းရှိ ယခင်မြေငလျင်လှုပ်ခတ်မှု ဒဏ်ခံခဲ့ရသည့် အဆောက်အအုံ ၂၅ ခု ပြိုကျပျက်စီးခဲ့သည်။
ပြီးခဲ့သည့် သီတင်းသုံးပတ် အတွင်းက နိုင်ငံအတွင်း၌ မြေငလျင်များ လှုပ်ခတ်သွားခဲ့ရာ ၄၄၀၀၀ ကျော် သေဆုံးခဲ့ကြောင်းသိရသည်။ ဖေဖော်ဝါရီ ၆ ရက်က နိုင်ငံတောင်ပိုင်း Kahramanmaras ပြည်နယ်၌ မြေငလျင်နှစ်ကြိမ်နှင့် Gaziantep ပြည်နယ်၌ မြေငလျင်တစ်ကြိမ် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတောင်ပိုင်း ဟာတေးပြည်နယ်၌ ဖေဖော်ဝါရီ ၂၀ ရက်က မြေငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့ရာ ခြောက်ဦးသေဆုံး ခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ