ဖေဖော်ဝါရီ ၂၈

ဂျပန်နိုင်ငံအစိုးရက တရုတ်နိုင်ငံမှရောက်ရှိလာမည့်ခရီးသွားများအတွက် ကိုဗစ်-၁၉ရောဂါဆိုင်ရာ နယ်စပ်ဒေသထိန်းချုပ်မှုများကို မတ်လ ၁ ရက်မှစတင်ကာ ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်မှုများမြင့်မားလာမှုကြောင့် အစိုးရက တရုတ်နိုင်ငံမှခရီးသွားများအား ခရီးသွားလာမှုဆိုင်ရာ တင်းကျပ်သောစည်းမျဉ်းများကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယခုလက်ရှိချမှတ်ထားသောစည်းမျဉ်းများတွင် နိုင်ငံအတွင်းသို့ဆိုက်ရောက်လာသော တရုတ်နိုင်ငံမှခရီးသွားများ အားလုံးအတွက်  ပီစီအာစမ်းသပ်စစ်ဆေးချက်နှင့် ကိုဗစ်ရောဂါကူးစက်မှု ကင်းရှင်းကြောင်း စစ်ဆေးချက်တို့ လိုအပ်သည်။

ကက်ဘိနက်အတွင်းဝန်ချုပ်မတ်ဆူနိုဟီရိုကာဇူက တရုတ်နိုင်ငံမှှလာရောက်သူများအနေဖြင့် ကိုဗစ်ရောဂါကူးစက်မှု မရှိကြောင်းစစ်ဆေးချက်ရလဒ်များလိုအပ်နေဆဲဖြစ်ပြီး ထိုရောဂါဆိုင်ရာကန့်သတ်ချက်များကို အဆင့်ဆင့်ဖြေလျှော့ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ လတ်တလောတွင်နယ်စပ်ထိန်းချုပ်မှုဆိုင်ရာစည်းမျဉ်းသစ်များချမှတ်သွားမည်ဟု ၎င်းကဆိုသည်။

အစိုးရအနေဖြင့် တရုတ်နိုင်ငံ၏ ကိုဗစ်ရောဂါဆိုင်ရာအခြေအနေနှင့် အခြားနိုင်ငံများ၏ကိုဗစ်ဆိုင်ရာ နယ်စပ်ထိန်းချုပ်မှုစည်းမျဉ်းများကိုလည်း ချင့်ချိန်ဆုံးဖြတ်ပြီး တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို