မတ် ၁

 

အိုင်ယာလန်နိုင်ငံတွင် ၂၀၂၀ ခုနှစ် မတ် ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ကြားကာလအတွင်း ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်သေဆုံးသူ ၈၅၀၀ ကျော်ရှိကြောင်း  ကျန်းမာရေးဝန်ဆောင်မှုအလုပ်အမှုဆောင်အဖွဲ့ အိတ်ချ်အက်စ်အီး ၏ပြောကြားချက်ကို ကိုးကားပြီး ရေဒီယိုနှင့်ရုပ်သံလွှင့်ဌာန အာတီအီးက ယမန်နေ့က ထုတ်လွှင့်ဖော်ပြခဲ့သည်။

 

အဆိုပါသေဆုံးသူများအနက် ၄၅၆၈ ဦးသည် အမျိုးသားများဖြစ်ပြီး ၃၉၆၆ ဦးသည် အမျိုးသမီးများဖြစ်သည်ဟု အိတ်ချ်အက်စ်အီး၏ ကိုဗစ်ဆိုင်ရာလစဉ်မှတ်တမ်းဖော်ပြချက်အရ သိရသည်။

 

ထိုရောဂါနှင့်ဆက်စပ်သေဆုံးမှုတွင် ရာခိုင်နှုန်းအားဖြင့် အမျိုးသား  ၅၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၆ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

 

ယင်းသို့သေဆုံးသူများအနက် ၇၅ ရာခိုင်နှုန်းသည် ရောဂါအခံဖြင့်သေဆုံးသူများဖြစ်သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်သေဆုံးသူများအားလုံး၏ ၄၁ ရာခိုင်နှုန်းသည် အသက် ၈၅ နှစ်နှင့်အထက် ရှိသူများဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို