ပင်းတယ မတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ရွှေဥမင် သဘာဝလိုဏ်ဂူ ဘုရား ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မတ် ၄ ရက် (တပေါင်းလဆန်း ၁၄ ရက်) မွန်းလွဲပိုင်းက တပေါင်းပွဲတော်ကျင်းပရာ ဘုရားတောင်ခြေ၌ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပင်းတယမြို့ရှိ ပင့်သံဃာအပါး ၃၅၀ တို့အား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မြို့ပေါ် (၁၃)ရပ်ကွက်နှင့် ရပ်ဝေးရပ်နီးမှ အလှူဒါယကာ၊ ဒါယိကာမ အပေါင်းတို့က ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ သဒ္ဓါတရားထက်သန်စွာ လောင်းလှူခဲ့ကြသည်။
အောင်ကိုဦး(ပြန်/ဆက်)