အက်ခရာ၊ မတ်   ၇

 

ဂါနာနိုင်ငံ၌  မတ် ၆ ရက်က ခရီးသည်တင်ဘတ်စ်ကား တစ်စီးနှင့် ကုန်တင်ယာဉ်တစ်စီး ခေါင်းချင်းဆိုင် တိုက်မိမှုဖြစ်ပွားရာ ၂၂ ဦး ထက်မနည်း သေဆုံးကြောင်း ဒေသတွင်း အာဏာပိုင်များက အတည်ပြုပြောကြားသည်။

 

မြောက်ပိုင်းပြည်နယ်မှ ဂါနာနိုင်ငံ၏ဒုတိယမြို့တော် ကူမာစီသို့သွားသည့် ဘတ်စ်ကားမှာ ကင်တမ်ပိုမြို့အနီး ဆန့်ကျင်ဘက်မှလာသည့် ကုန်တင်ယာဉ် တစ်စီးနှင့် တိုက်မိကြောင်း သိရသည်။

 

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ လူ ၂၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားခရီးသည်တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်တင်ယာဉ်သည် လမ်းပေါ်တွင် ရပ်ထားသော ကုန်တင်ယာဉ်ကို ရှောင်ရန်ကြိုးစားခဲ့သော်လည်း ဘတ်စ်ကား၏ လမ်းကြောင်းပေါ်သို့ ကွေ့ဝင်သွားကာ ယာဉ် တိုက်မှုဖြစ်ခဲ့ကြောင်း ဘတ်စ်ကားပေါ်မှ အသက်ရှင် ကျန်ရစ်သော ခရီးသည်များက မီဒီယာများသို့ ပြောကြားသည်။

 

ဆင်ဟွာ