နေပြည်တော် မတ် ၇
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ ရာဇဓာနီသာမဏေကျော်ကျောင်းတိုက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ခေမာသီဝံပရိယတ္တိ စာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ သူရိယာရာမကျောင်းတိုက်နှင့် ပညာမဏ္ဍိုင် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အစ္ဆရိယာရာ မရှမ်းကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မဟာဝိဇယာရာမ ကျောင်းတိုက်နှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ မဟာသုဝဏ္ဏကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ခြေတော်ရာကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဆံတော်ရှင်ကျောင်းတိုက်နှင့် မဟာ အောင်မြေမြို့နယ်ရှိ သာသနာပိုင်ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ရက္ခပူရသာသနာ့ဗိ မ္မာန်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ ဒေဝနိမ္မိတာရုံကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက် နှင့် လားရှိုးမြို့နယ်ရှိ ခါးရိုးပရိ ယတ္တိစာသင်တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်