ချောင်းဆုံ   မတ် ၉

 

            မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပြည်နယ်အစိုးရ၏ ဒုတိယအကြိမ်အဖြစ် နိုင်ငံ့စီးပွား မြင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ် သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

            အဆိုပါပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အသေးစား လုပ်ငန်းရှင်များ သမဝါယမအသင်းမှ ဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ အသင်းသားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

 

            ထို့နောက် တာဝန်ရှိသူများက ချောင်းဆုံမြို့နယ်ရှိ အသေးစားလုပ်ငန်းရှင်များ သမဝါယမ အသင်းမှ ဓနိဖူးခြောက်လုပ်ငန်း၊ ကျောက်သင်ပုန်းလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် စတီး လုပ်ငန်းဆောင်ရွက်နေသည့် အသင်းသားလုပ်ငန်းရှင်များသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ငွေကျပ်သိန်း ၃၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

                                                                                                                  သမဝါယမဦးစီးဌာန