ပုသိမ်  မတ်လ ၉

 

            ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်)တွင် အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ် ခဲ့သည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး နှင့်တာဝန်ရှိသူများ၊ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ/ဆရာမများ၊ ပြင်ပကျွမ်းကျင်ပညာရှင် များနှင့် မြို့နယ်(၂၆)မြို့နယ်မှ သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြ သည်။

 

            အဆိုပါသင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ရုံးလုပ်ငန်းများကျွမ်းကျင်စေရေး၊ ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း စနစ်တကျလေ့လာသင်ယူ မှတ်သားရန်၊ သင်တန်းသားများ မိမိအရည်အသွေးအားမြှင့်တင်ကြရန်၊ လုပ်ငန်းခွင်တွင် တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားခဲ့သည်။

 

            အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို (၆-၃-၂၀၂၃) မှ (၂၀-၃-၂၀၂၃)ရက် နေ့အထိ တိုင်းဒေသကြီးအတွင်းရှိ (၂၆)မြို့နယ်မှ အငယ်တန်းစာရေးရာထူးဖြင့် တာဝန်ထမ်းဆောင် လျက်ရှိသော သင်တန်းသား/သူ (၄၀)ဦးတို့အား တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

 

 

သမဝါယမဦးစီးဌာန