မတ် ၉

မဒါဂတ်စကာနိုင်ငံ၏အနောက်တောင်ပိုင်းကမ်းရိုးတန်းတွင် ဖရက်ဒီအပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ပြန်လည်ဝင်ရောက် တိုက်ခတ်မှုကြောင့်  ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားသုံးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံး ( ဘီအင်န်ဂျီအာစီ )က ယမန်နေ့ညနေပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါမုန်တိုင်းသည် မိုဇမ်ဘစ်ကမ်းရိုးတန်းကို မဝင်ရောက်မီ ဖေဖော်ဝါရီလက အိန္ဒိယသမုဒ္ဒရာကျွန်းကို ပထမဆုံးတိုက်ခတ်ပြီးနောက် မဒါဂတ်စကာနိုင်ငံသို့ဝင်ရောက်တိုက်ခတ်သဖြင့် ၁၇ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်သီတင်းပတ်ကုန်ပိုင်းက မာလာဂတ်စီကမ်းရိုးတန်းကို ပြန်လည်ဝင်ရောက်တိုက်ခတ်သဖြင့် ဒေသကြီးငါးခု မုန်တိုင်းဒဏ်ခံခဲ့ရပြီး လူ ၇၂၃၅၁ ဦး ဘေးသင့်ခဲ့သည်။

ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၆၀၀၀ နီးပါး ရေလွှမ်းမိုးခံရပြီး အခြားနေအိမ်အလုံး ၅၅၀၀ ပျက်စီးသွားခဲ့သည်ကြောင်း ဖော်ပြထားသည်။

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီသည် မဒါဂတ်စကာ၏ အနောက်ဘက်ကမ်းရိုးတန်းမှ ဆက်လက်ရွေ့လျားနိုင်ပြီး ယခုသီတင်းပတ်ကုန်ပိုင်းတွင် မိုဇမ်ဘစ်နိုင်ငံကိုလည်း ပြန်လည်ဝင်ရောက်တိုက်ခတ်နိုင်သည်ဟု မိုးလေဝသ ပညာရှင်များ၏ကြိုတင်ခန့်မှန်းပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို