နေပြည်တော် မတ် ၉
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ ရာဇဓာနီသာမဏေကျော် ကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ မြို့မယဉ်ငေး သာသနာ့ရိပ်သာကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ချမ်းသာရကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ဘီးလင်းတိုက်သစ်စာသင်တိုက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တုလွတ်စံကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ ပဉ္စနိကာယသာသနာ့ဗိမာန်ကျောင်းတိုက်နှင့် ရွှေပြည်သာ မြို့နယ်ရှိ ရွှေပြည်သာပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ဓမ္မဝံသ(ဓမ္မဝုန်း) ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ သာသနာ့ဇောတိကကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ပေါ်တော်မူ ကျောင်းတိုက်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ သီရိရတနာတောရမဂ္ဂင်ကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ သဒ္ဓမ္မဒီပက(ဖျာပုံ)ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်ရှိ ဓမ္မဝိဒူကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ လွယ်ဝိန်းတောရကျောင်းတိုက်တို့သို့ ဆန်ကြာဆံ များကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများကသွား ရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်