ပုလော ၁၄ ဖေဖော်ဝါရီ

 

ပုလောမြို့နှင့် မြိတ်မြို့နယ် ဘောလုံးအသင်းတို့ ပူးပေါင်း၍ ချစ်ကြည်ရေး ဘောလုံးကန်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက် ညနေ့ ၃ နာရီက မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

11

 

ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ပုလောမြို့နယ် (Old Star) အဖွဲ့နှင့် မြိတ်မြို့ (Old Star) အဖွဲ့တို့ ယှဉ်ပြိုင်ခဲ့ကြရာ မြိတ်မြို့နယ် (Old Star) အဖွဲ့က ၆ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲကို မြို့နယ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရန်နှင့် အားကစားကို ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးဟန်ကြည်ကပြောသည်။ 

 

ထူးဝေယံ(ပြန်/ဆက်)

 

222