ရန်ကုန် မတ် ၁၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း‌ ဒေသကြီးအတွင်းရှိ စာစစ်ဌာနများ၌  ကျောင်းသား၊ ကျောင်းသူ ၂၃၇၆၄ ဦး ဖြေဆိုခဲ့သည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်ရှိ စာစစ်ဌာန ၈၃ ခုတွင် မြန်မာစာဘာသာရပ်၌ ၂၃၈၀၇ ဦး၊ အင်္ဂလိပ်စာဘာသာ ရပ်၌ ၂၃၇၇၅ ဦးတို့ ဖြေဆိုခဲ့ပြီး ယနေ့ သင်္ချာဘာသာရပ်တွင် အမြင်အာရုံမသန်စွမ်းသူ ခုနှစ်ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းသူ ရှစ်ဦး၊ ဆေးရုံတက် ရောက်ဖြေဆိုသူ ခြောက်ဦးနှင့် အကျဉ်းဦးစီးမှ ၁၀ ဦး အပါအဝင် ၂၃၇၆၄  ဦးတို့ ဖြေဆိုခဲ့ကြသည်။

တိုင်း‌ဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်လက်အေးချမ်းစွာ ဖြေဆိုနိုင်ရန် ကျောင်းဝင်းအတွင်းနှင့် ကျောင်းပြင် ပတို့တွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိပြီး တာဝန်ရှိသူများက နေ့စဉ်ကြည့်ရှု အားပေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး
ညိမ်းသူ (သတင်းစဉ်)