နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မုံရွာမြို့ပေါ်ရှိ စာသင်တိုက်များမှ သံဃာတော်များအတွက်  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်၊ မတ် ၂၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ စာသင်တိုက်များမှ  သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် နဝကမ္မအလှူတော်ငွေများ  ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ရန်ကင်းကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

 

တက်ရောက်

 

အခမ်းအနားသို့ နိုင်ငံတော် ဩဝါဒါစရိယ၊  မဟာဝိဇ္ဇာသိပ္ပံ ကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တသူရိယနှင့် ရန်ကင်း ကျောင်းတိုက်ဆရာတော်  ဒွိပိဋကဓရ ဒွိပိဋကကောဝိဒ အဂ္ဂ မဟာပဏ္ဍိတ  ဘဒ္ဒန္တ  ပညာဝံသ တို့ အမှူးပြုသည့် မုံရွာမြို့ပေါ်ရှိ စာသင်တိုက် ခုနစ်တိုက်တို့မှ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးမြတ်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီးများ နှင့်  ဇနီးများ၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ပရိတ်တရားတော်များနာယူ

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရန်ကင်းကျောင်းတိုက် ဆရာတော်ထံမှ  ငါးပါးသီလခံယူ ဆောက်တည်ကြပြီး  ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့်  မေတ္တသုတ် ပရိတ်တရားတော်များကို  နာယူကြသည်။

 

ဆက်ကပ်လှူဒါန်း

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မဟာဝိဇ္ဇာသိပ္ပံကျောင်း တိုက် ဆရာတော်၊  ရန်ကင်းကျောင်းတိုက်  ဆရာတော်နှင့်  ဓမ္မပါရဂူကျောင်းတိုက် ဆရာတော်တို့ထံ  လှူဖွယ်ဝတ္ထုပစ္စည်းများ၊  နဝကမ္မအလှူငွေများ၊ ဆန်၊ ဆီ၊ ဆားနှင့် ပဲများကို ဆက်ကပ် လှူဒါန်းသည်။

 

mdn

 

လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်း

 

ယင်းနောက်  အခမ်းအနား  တက်ရောက်လာကြ သူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

 

တင်ပြလျှောက်ထား

 

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက ရန်ကင်းကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေကြပြီး နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က  ဆရာတော်ကြီးများထံသို့  သာသနာတော် ထွန်းကားပြန့်ပွား ရေး ဆိုင်ရာများ၊  ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာများကို တင်ပြလျှောက်ထားကာ ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူသည်။

 

ငွေကျပ်သိန်း  ၃၅၀ လှူဒါန်း

 

ယနေ့ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ  စာသင်တိုက်များမှ သံဃာတော်  ၇၉၁ ပါးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် နဝကမ္မ အလှူ တော်ငွေများ ဆက်ကပ်လှူဒါန်း ခြင်းအခမ်းအနားတွင် လှူဒါန်းမှု စုစုပေါင်းအနေဖြင့် ဆန် ၁၈၁ အိတ်၊ ဆီ ၃၂၆ ပိဿာ၊ ဆား ၂၇၂ ပိဿာ၊ ပဲ  ၃၂၆  ပိဿာ၊  ကြာဆံ ၁၆၃ ပိဿာနှင့် နဝကမ္မအလှူငွေ အနေဖြင့် စာသင်တိုက် တစ်တိုက်လျှင် ငွေကျပ်သိန်း  ၅၀ နှုန်းဖြင့်  ငွေကျပ်သိန်း  ၃၅၀ တို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်