မုံရွာ ၁၄ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ဂျပန်-မြန်မာချစ်ကြည်ရေး ဖျော်ဖြေပွဲများကို ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဂျပန်-မြန်မာချစ်ကြည်ရေးဖျော်ဖြေပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ တိုးတက် ကောင်းမွန်ရေးအတွက် ရည်ရွယ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဂျပန်နိုင်ငံ Manjushaka ယဉ်ကျေးမှုအဖွဲ့ကို ဖိတ်ကြား ထားခြင်း ဖြစ်ကြောင်း သိရသည်။
ဂျပန်-မြန်မာချစ်ကြည်ရေးဖျော်ဖြေပွဲအဖြစ် ဂျပန်နိုင်ငံမှ Manjushaka ယဉ်ကျေးမှုအဖွဲ့သည် စစ်ကိုင်း မြို့တွင် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် လည်းကောင်း၊ မုံရွာမြို့ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၆)နာရီခွဲမှ (၈)နာရီထိ လည်းကောင်း ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ တိုင်းဒေသကြီးအတွင်း ကားမောင်းပွဲများ၊ တိုင်းဒေသကြီးခရီးသွားလုပ်ငန်းမြှင်တင်ရေး ခရီးသွား ရက်သတ္တပတ် လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊စစ်ကိုင်း၊ ရွှေဘို၊ ကသာ၊ ကလေးနှင့် ခန္တီး စသည့် ခရီးသွားဇုန် (၆)ခုတွင် ၂ဝ၁၈ ခုနှစ် အတွင်း ပြည်တွင်း/ပ ခရီးသွားဝင်ရောက်မှု အနေဖြင့် ပြည်တွင်းခရီးသွား (၁၇ဝ၇ဝ၇)ဦးနှင့် ပြည်ပ ခရီးသွား (၂၆၂၁၁)ဦး စုစုပေါင်း (၁၉၆၉၂၈)ဦးတို ဝင်ရောက်လည်ပတ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)