ကြံခင်းမြို့နယ် ကိုးအင်းကျေးရွာတွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်(အကြို) ကျေးရွာကုန်ထုတ်လမ်းဖွင့်လှစ်

ကြံခင်း  မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်(အကြို) ကျေးရွာအကျိုးပြု ကုန်ထုတ်လမ်းသစ်ဖွင့်လှစ်ခြင်းကို မတ် ၂၂ ရက် နံနက်ပိုင်းက ကြံခင်းမြို့နယ် ဘက်ရဲမြို့ ကိုးအင်းကျေးရွာလမ်းသစ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကုန်ထုတ်လမ်းသစ်ဖွင့်လှစ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးသန်းဇော်လွင်၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းခင်းထားခြင်းအား ကြည့်ရှုကြသည်။

အဆိုပါကုန်ထုတ်လမ်းကို ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံး၊ ငွေရင်း(မူလ)ခွင့်ပြုရန်ပုံငွေဖြင့် Royal  Golden Power Co., Ltd က တင်ဒါအောင်မြင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြေသားလမ်းဖြစ်ပြီး အလျား (၁/၄)မိုင် × အနံ ၁၂ ပေ × အမြင့် ၃ ပေရှိပြီး ကိုးအင်းကျေးရွာနေပြည်သူများ ကုန်ပစ္စည်းစီးဆင်းမှု မြန်ဆန်စေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးစေရန် ငွေကျပ်သန်း ၂၂၃ ဒသမ ၁ ဖြင့် ဆောင်ရွက်ထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)