နေပြည်တော် မတ် ၂၅

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ပညာမဏ္ဍိုင် ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ပဏ္ဍိတာရုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ နေနတ်သားစာသင်တိုက်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စိန်မြဓမ္မသာလာ ကျောင်းတိုက်၊ အင်းစိန်မြို့နယ်ရှိ ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ဓမ္မောဒယ ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သရက်တောကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ကင်းဝန်မင်းကြီး ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ချမ်းသာကြီးတောင်ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ တန်ခိုးပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ သိမ်တောင် ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ တောရကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)