မင်းပြား မတ် ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကင်းဆိပ်-ခြိတ်တောင် ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ် ၂၅ ရက် နံနက် ၉ နာရီတွင် အဆိုပါကျေးရွာ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဦးဝင်းကို၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းမုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းသစ်အားလှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ကင်းဆိပ်-ခြိတ်တောင် ကျေးရွာချင်းဆက်လမ်း အရှည် ၁၆၉၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မရှိပြီး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၄၀ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အကျိုးပြုကျေးရွာ ၇ ရွာ၊ အကျိုးပြုအိမ်ခြေ ၁၀၇၉၊ အကျိုးပြုလူဦးရေ ၅၅၁၇ ဦးအား သွားလာမှု အဆင်ပြေ ချောမွေ့စေရေးအတွက် များစွာအထောက်အကူ ဖြစ်စေကြောင်း သိရှိရသည်။
ကိုသန်း