နေပြည်တော် မတ် ၂၆
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ သွားရောက် ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ အောင်စည်သာ ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ဝါဆိုကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ကတိုးမဟာရင်စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ ပြဿဒ်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေဥမင်ဓမ္မသုခကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ သစ္စာဂုဏ်ရည် ပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ စွမ်ခမ်းကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ အာသောကာရုံ ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ သာသနာ့မဏ္ဍိုင်ကျောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မဟာပညိန္ဒာရာမကျောင်းတိုက်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုံပျံတောရစက်တော်ရာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အာသောကသီတဂူ ကျောင်းတိုက်၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ မဟာဗောဓါရုံကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်