မော်စကို၊ မတ် ၂၇

 

ရုရှားနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး  နုတ်ထွက်မည် မဟုတ်ကြောင်း  ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Dmitry Birichevsky က ပြောကြားသည်။

 

ရုရှားနိုင်ငံသည်  ကမ္ဘာ့ကုန်သွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူး များစွာရှိပြီး အဆိုပါအဖွဲ့အတွင်း တင်းပြည့်အဖွဲ့ဝင် နိုင်ငံအဖြစ် ရပ်တည်နေခြင်းက ရုရှားနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသည့်နိုင်ငံများအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အရေးဖြစ်ကြောင်း ၎င်းကပြောကြားသည်။

 

 အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံများကဲ့သို့သော မိတ်ဖက် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ