အခြေခံပညာမူလတန်း ဆရာ/ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ

မုဒုံ မတ် ၂၈

 

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ သင်ရိုးသစ် အကောင်အထည်ဖော်ရေး အစီအစဉ်အရ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်) ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက အ.ထ.က(၁) မုဒုံကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးက ကျောင်းသား/ ကျောင်းသူများအားလုံး၏ ပညာရေးမြင့်မားရေးကို နိုင်ငံတော်၊ ပညာရေးဌာန၊ မိဘများအားလုံး ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သင်ကြားမည့်  ဘာသာရပ်အလိုက် သင်ခန်းစာများအား ဆွေးနွေးပေးခြင်းဖြင့် ဆရာ/ဆရာမတို့၏ သင်ကြားမှုစွမ်းရည် မြင့်မားလာပြီး ကျောင်းသား/ ကျောင်းသူများ၏ နားလည်မှုစွမ်းရည်သည်လည်း ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်းနှင့် သင်တန်းဆိုင်ရာ လမ်းညွှန်မှုနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွင် မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ထက်/လယ်/မူ ကျောင်းပေါင်း (၉၈)ကျောင်းမှ ဆရာ/ဆရာမ စုစုပေါင်း ၇၃၂ ဦးအား ကြီးကြပ် ငါးဦး၊ နည်းပြဆရာမ ၂၄ ဦးတို့က ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို  လေးရက်ကြာ  ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သားငယ်(ပြန်/ဆက်)