မတ် ၂၈

 

အမေရိကန်နိုင်ငံတောင်ပိုင်း တန်နက်စီပြည်နယ် နာရှ်ဗီလီမြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် အမျိုးသမီးတစ်ဦးက ပစ်ခတ်ခဲ့သဖြင့် ကလေးသုံးဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

 

အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ယနေ့မနက်ပိုင်းက ရိုင်ဖယ်သေနတ်နှစ်လက်နှင့် ပစ္စတိုသေနတ်တစ်လက် ကိုင်ဆောင်ပြီး  စာသင်ကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သည်။

 

ထိုသံသယရှိသူသည် ဒေသခံတစ်ဦးဖြစ်ပြီး ယင်းကျောင်း၏ကျောင်းသားဟောင်းတစ်ဦးဖြစ်သည်ဟု သိရသည်။

 

ရဲတပ်ဖွဲ့က ထိုအမျိုးသမီးကို ပစ်သတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ထိုအမျိုးသမီးနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

 

၎င်းစာသင်ကျောင်းတွင် မူကြိုအရွယ်မှ ဂရိတ် ၆ အထိ ကျောင်းသားဦးရေ၂၀၀ ခန့်ရှိသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို