နေပြည်တော်  မတ် ၂၈ 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်များ အခြေခံအဘိဓမ္မာသင်တန်း၊  သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ နှင့်ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ၏ဇနီး၊ အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦး နှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ/ အရာရှိကြီးများ နှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာမများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများ၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင် သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခြေခံအဘိဓမ္မာသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ က အမှာစကားပြောကြားသည်။ 

ထို့နောက် ဒုတိယဝန်ကြီး နှင့် တာဝန် ရှိသူများက  သင်တန်းနည်းပြ ဆရာမများကို ဂုဏ်ပြုအမှတ်တရ လက်ဆောင် များပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

အဆိုပါ အခြေခံအဘိဓမ္မာသင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်း ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင် သင်တန်းသူ စုစုပေါင်း(၆၄၃)ဦး တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ယဉ်ကျေးလိမ္မာသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို နေပြည်တော်ရှိ ရုံးအမှတ်(၈)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ က အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက သင်တန်းနည်းပြ ဆရာ/ဆရာမများကို ဂုဏ်ပြု အမှတ်တရလက်ဆောင် များပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူ၊ ကျောင်း သား/ ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများ၏ မိသားစုဝင် သား/သမီး၊ ကျောင်းသား/ ကျောင်းသူများ အနက် Grade(2) မှ Grade(12) အထိ စုစုပေါင်း ၄၆၉ ဦးကို တန်းခွဲ ၄ ခု ခွဲ၍ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

သတင်းစဉ်