တရုတ်နိုင်ငံက လူနာတင်ကား ၁၆ စီးနှင့် ဆေးပစ္စည်းကိရိယာများ ကမ္ဘောဒီးယားနိုင်ငံသို့ လှူဒါန်း

မတ် ၂၉

 

တရုတ်နိုင်ငံက လူနာတင်ကား ၁၆ စီးနှင့် ဆေးပစ္စည်းကိရိယာများ ကမ္ဘောဒီးယားနိုင်ငံသို့ ယမန်နေ့က လှူဒါန်းခဲ့သည်။

 

မြို့တော်ဖနောင်ပင်ရှိ ကျန်းမာရေးဝန်ကြီးဌာနတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဝမ်ဝီနန်က ကမ္ဘောဒီးယားကျန်းမာရေဝန်ကြီး မမ်ဘန်ဟန်ထံ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာက သတင်းထုတ်ပြန်ခဲ့သည်။

 

ကျန်းမာရေးဝန်ကြီးက တရုတ်နိုင်ငံ၏ထောက်ပံ့ကူညီမှုအတွက် အစိုးရနှင့် တရုတ်ပြည်သူများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

၂၀၂၃ ခုနှစ်သည် တရုတ်-ကမ္ဘောဒီးယားသံတမန်ဆက်ဆံရေးထူထောင်မှု ၆၅ နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှစ်ပတ်လည်နေ့လည်းဖြစ်ကြောင်း ထိုအခမ်းအနားတွင် ဝမ်ကပြောကြားသည်။

 

အဆိုပါလူနာတင်ကားများနှင့် ဆေးပစ္စည်းကိရိယာများသည် ကမ္ဘောဒီးယားနိုင်ငံသားလူနာများအတွက်  ပိုမိုကောင်းမွန်သော ကျန်းမာရေးဆိုင်ရာစောင့်ရှောက်ဝန်ဆောင်မှုများဖြစ်လာမည်ဖြစ်ကြောင်း ဝမ်ကပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို