ရန်ကုန် ၊ မတ် ၂၉

 

မြန်မာ့သက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် “ခါသင်္ကြန် အဆိုအက” အစီအစဉ်များကို ယခင်နှစ် များနည်းတူ တင်ဆက်ရန် ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့် ကျောင်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ သင်္ကြန်ယိမ်းအဖွဲ့များကို ရိုက်ကူးရေးဆောင်ရွက်လျက် ရှိသည်။

 

     ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှ သင်္ကြန်ယိမ်းအဖွဲ့က “တူးပို့တူးပို့” တေးသီချင်း ဖြင့်လည်းကောင်း၊ ရန်ကင်းပညာရေးမိသားစု ယိမ်းအဖွဲ့မှ “အလှမူယာယိမ်း” တေးသီချင်း ဖြင့်လည်းကောင်း   ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ရိုက်ကူးရေးဆောင် ရွက်ခဲ့ကြောင်းသိရသည်။

(သတင်းစဉ် )