နေပြည်တော် မတ် ၂၉

 

တရားလွှတ်တော်‌ရှေ့နေများကောင်စီ အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၃ ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ Cluster–1, တိုက် အမှတ်(၆)ရှိ တရားလွှတ်တော်‌ရှေ့နေများကောင်စီရုံး၌ ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပ ပြုလုပ်ရာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ တရားလွှတ်တော် ရှေ့နေ များကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး ဦးဆောင်၍ ကောင်စီဝင်များ စုံစုံညီညီ တက်ရောက်ကြ သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရား လွှတ်တော်ရှေ့နေများအပေါ် တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၁၀ (၁) အရ ထိုက်သင့်သည့် အရေးယူမှု ပြုလုပ်ရန် သင့်၊ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သဘောထားတောင်းခံသည့်ကိစ္စနှင့် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ ၁၂၃ ဦးတို့ကို ကန့်ကွက်ရန် ရှိ / မရှိ သဘောထား တောင်းခံသည့်ကိစ္စတို့ကို ကောင်စီဝင်တစ်ဦးချင်းစီထံ သဘောထားတောင်းခံ ထားပြီးဖြစ် ကြောင်း၊ ကောင်စီဝင်များ၏ သဘောထားမှတ်ချက်များအပေါ် ယခုအစည်းအဝေးတွင် ဆက်လက်ဆွေး နွေး မည်ဖြစ်ကြောင်း။

 

 ဥပဒေပညာဌာနက Online ဖြင့် ဖွင့်လှစ်သင်ကြားသည့် ဘွဲ့လွန်ဥပဒေပညာ ဒီပလိုမာ သင်တန်း Post Graduate Diploma in Law (P.G.D.L) အောင်မြင်ပြီးသူ အထက်တန်း ရှေ့နေများက တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်း တင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် ကိစ္စများ၊ ဘွဲ့လွန်ဥပဒေပညာဒီပလိုမာသင်တန်း Post Graduate Diploma in Law (P.G.D.L) မဟုတ်သည့် ဘွဲ့လွန်ဒီပလိုမာ Post Graduate Diploma (DL) ရရှိပြီးသူ အထက်တန်းရှေ့နေ တစ်ဦးက တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထား သည့်ကိစ္စနှင့် UN အဖွဲ့အစည်း လက်အောက်တွင် အမှုလိုက်ပါဆောင်ရွက်လျက်ရှိသည့် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ ၏ ကိစ္စရပ်များကို ဆွေးနွေးရန်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တရားလွှတ်တော်ရှေ့နေများ ကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်၊ တရား လွှတ်တော်ရှေ့နေများကောင်စီ အဖွဲ့ဝင်တရားလွှတ်တော်ရှေ့နေများဖြစ်ကြသည့် ဦးဝင်းအောင်၊ ဒေါ်ခင်နုသာ၊ ဦးလှဟန်၊ ဦးစိုးသိန်း၊ ဦးဝင်းဖေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင် စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် တရားလွှတ်တော်ရှေ့နေများကောင်စီ အတွင်းရေးမှူး ဥပဒေရေးရာဝန်ကြီးဌာန၊ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီသီမြင့်တို့က ပြန်လည်ဆွေးနွေး တင်ပြကြပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုတ်သိမ်းလိုက် ကြောင်း သိရသည်။

 (သတင်းစဉ်)