ပခုက္ကူ ၁၄ ဖေဖော်ဝါရီ    

 

ပခုက္ကူမြို့ ဟိုတယ်ရိုးမမှ အဓိကကူညီပံ့ပိုးသောမြေလတ်ဧရာ(ဧရာအနောက်)ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီက ၁၃ ရက် ညနေ ၃ နာရီခွဲက ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အသက်(၁၉)နှစ် အောက် လူငယ်အသင်းက ဧရာအနောက်(ပခုက္ကူအသင်း)အား လေးဂိုး နှစ်ဂိုးဖြင့်အနိုင်ရ ဗိုလ်စွဲသွားကြောင်း သိရသည်။

 

523..+++++

 

အခမ်းအနားတွင် ပထမဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်လူငယ်အသင်းအား မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော် တို့က တံခွန်စိုက်ဆုဖလားနှင့် ဆုကြေးငွေများ ချီးမြှင့်ပေးအပ်ပြီး ဒုတိယဆုရရှိသော ဧရအနောက် (ပခုက္ကူ) အသင်းနှင့် နေရာအလိုက်အကောင်းဆုံးရရှိသူများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။ 

 

....002++

 

အဆိုပါ ပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိကျင်းပခဲ့ပြီး ဗိုလ်လုပွဲသို့ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်၊ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် ဌာနဆိုင်ရာများ ၊ ဘော်လုံးဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

 

ဦးတင်အောင်ဝင်း