မိုင်းယောင်း  မတ်  ၃၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးထုတ်လုပ်မှုပြပွဲကို ယနေ့ နံနက် ၈ နာရီက ဝမ်ဘိုးအုပ်စု၊ ဝမ်ဘိုးကျေးရွာရှိ တောင်သူ ဦးစိုင်းသီဟ၏ ဆင်းရွှေနေကြာ-၂ နှစ် ဧကစိုက်ခင်း၌ ကျင်းပသည်။

 

အဆိုပါ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်မှုပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး​ ဦးကျော်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက နေကြာ တစ်ဧက ၅၀ တင်း ပန်းတိုင်အထွက်နှုန်းရရှိစေရန် စိုက်ပျိုးနည်းပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့သည်။

 

မိုင်းယောင်းမြို့နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် မိုးရာသီတွင် ၂၅ ဧက၊ ဆောင်းရာသီတွင် ၆ ဧက စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူတစ်ဦးချင်းအလိုက် တစ်ဧက သီးနှံ အထွက်နှုန်း တိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စိုက်ပျိုးနည်းပညာ များ၊ သီးနှံမျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း