ကျောက်ဆည်မြို့နယ်၌ နွေစပါး ၄၁၁ ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် မတ် ၃၁

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ နွေသီးနှံမျိုးစုံ ပျိုးထောင်စိုက်ပျိုးနိုင်ရေး ဆည်ရေများ ပေးဝေလျက်ရှိကြောင်းသိရှိရပြီး နွေစပါးများ စတင်ပျိုးထောင်စိုက်ပျိုး လျက်ရှိရာ နွေးစပါး ၄၁၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးဌာနမှ  သိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် နွေစပါးများကို ဇော်ဂျီဆည်မှ စိုက်ပျိုးရေဖြင့် ရေပေးဝေသည့် မင်းရဲမြောင်းမှ ကြက်မင်းတွန်၊ ဖောင်ရွာ၊ အင်တိုင်း၊ သင်တောင်း၊ တောင်နောက်၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး၊ ကျေးရွာအုပ်စုများနှင့် သင်းတွဲမြောင်းမှ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး၊ ရွှေဓား၊ ရဲဘော်ကြီး၊ ပတ္တာ၊ ပင်တလည်၊ ကျေးရွာအုပ်စုများ၊ တမုတ်မြောင်းမှ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ ဇရပ်ဖြူ၊ မြောင်းဦး၊ ပွတ္တိုင်၊ သင်ပုတ်၊ ငါးအိုး၊ ရွာနန်း၊ ညောင်ရွေ၊ ညောင်ဝန်း၊ အနောက်ငယ်တိုး၊ ကျေးရွာအုပ်စုများတွင် အဓိထား စိုက်ပျိုးလျက်ရှိကြောင်းနှင့် ပျိုးထောင်စိုက် ဧက ၄၀၀ နှင့် တိုက်ရိုက်အစေ့ချစိုက် ၁၁ ဧက စုစုပေါင်း ၄၁၁ ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် စပါးသီးနှံများ စိုက်ပျိုးရာတွင် မနောသုခ၊ ရွှေမနော်နှင့် GW-11 စပါးမျိုးများ စိုက်ပျိုးကြပြီး စပါးသီးနှံများ အောင်မြင်သည်အထိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်မောင်(ပြန်/ဆက်)